« Home | မအကြပါနဲ့ » | master တွေနဲ့ ကျွန်တော် » | ကျွန်တော်မေးမိ အပြစ်ရှိ » | ကျွန်တော်မေးမိ အပြစ်ရှိ » | Command Line Hack » | happy birthday နဲ့ မိုးလင်းခဲ့တဲ့ ကျွန်တော်.. » | ပါတီချက်ကြမယ် ..(party chat in Gtalk) » | ပါတီချက်ကြမယ် ..(party chat in Gtalk) » | ပါတီချက်ကြမယ် ..(party chat in Gtalk) » | PS.I Love You »

မအကြပါနဲ့

သင်ဆီကို မသိတဲ့ လူက ဖုန်းခေါ်ရင် သတိထားပြီး လက်ခံပါ ... ခုတလော ထိုင်းနိုင်ငံဘက် ကနေ ခေါ်နေတဲ့ ဖုန်း နံ ပါတ်များမှာ လူတွေရဲ့ အာရုံကြော ကိုထိခိုက်စေနိုင်သော MHz တွေပါပါတယ်... အဆိုပါဖုန်းကို လက်ခံမိသူ 4 ယောက်လောက်မှာ နာရီဝက် အတွင်း အာရုံကြော ထိခိုက်ပြီး သေဆုံး ကုန်ကြသည်။ ဤ message ကို ရရခြင်း အခြား လူများ ကို ဝေမျှပေးပါ...
ဘလောက်ကာများကို တစ်ယောက်ပြီး တစ်ယောက်လိုက်ဖမ်းနေပါတယ်... သင်အသုံး ပြု သော နေရာကို မသိအောင် သတိနဲ့ ပြုလုပ်ပါရန်..
ပြည်ပ အားကိုး ပုဆိန်ရိုး ပါ..
သတိပေးချက် gmail hacker များ မှ ပေါင်း ပြီး gmail password များ ကို hack နေကြပါတယ် ထိုကြောင့် သင့် ရဲ့ password ကို လုံခြုံ စိတ်ချရအောင် အောက်က နေရာများမှာ လိုအပ်သည်များကို ဖြည့်ပေးပါရန်...
password:....

အင်တာနက်ပေါ်မှာ ဒါမျိုး သတင်းတွေက မကြခဏ ကြုံ့ရမှာပဲ လေ....
ဒီသတင်းမျိုးတွေ ကြုံ့လာ ရင် အတဲ့ လူက တော့ ခံသွားရမှာပဲ ...
တစ်ချို့ သတင်း တွေ က မှန်ပါတယ်.. တစ်ချို့ မှားနေနိုင်ပါတယ်.. အဲဒါကို ကိုယ် ဘယ်လို့ ဆုံးဖြတ်မလဲ ... ဒီနေရာမှာ ကျွန်တော် တို့ အသိပညာ (knowledge) တစ်ခုနည်းနဲ့ ဖြေရှင်းလို့ မရတော့ဘူး ဗျ..
ဥာဏ် ပညာ (wisdom) တွေ ပါထည့်သွင်းစဉ်းစားရတော့မယ်ဗျ..
အသိပညာ က သင်ယူမှု အတွေ့ အကြုံ့ တွေ ပေါ်မှာ မူတည်နေပြီးတော့ ...
ဥာဏ် ပညာ ကတော့ စဉ်းစားဆင်ခြင်သုံးသပ်နိုင်မှုပေါ်မှာ မူတည်နေပါတယ်...
ဥပမာ..ပထမသတင်း ကို သုံးသပ်မယ်ဆိုရင် အသံကြောင့် လူသေနိုင်မနိုင် ဆိုတဲ့ knowledge ၊ အဆိုပါ အသံ ကို ဖုန်းတွေ က ထောက်ပံ မထောက်ပံ ... နဲ့ အဆိုပါ အဖြစ်မျိုး ရှိခဲ့ မရှိခဲ့ ဆိုတဲ့ knowledge တွေ ရှိရပါမယ်...
ဒါမျိုး knowledge မရှိရင် လဲ google ရှိပါတယ် dead waves တို့ ဘာတို့ ရိုက်ထည့် ပြီး ဆက်လက် လေ့လာရင် ရနိုင်ပါတယ်... ဖြစ်နိုင်တယ်ထင်ရင် ယုံလိုက်တာပေါ့ ..(ကျွန်တော်ကတော့ ယုံစရာမလို့ ပါ အဘယ်ကြောင့် ဆိုသော် ဖုန်း မရှိဘူးဗျ
ကဲ အဒီမှာ ဒါမျိုးစဉ်းစားရပါလား လို့ သိတဲ့ ဥာဏ်ကို wisdom လို ခေါ်ပါတယ် ခင်ဗျာ အဲဒါ သာ မရှိဘူးဆိုရင် ...တော့ ....

အဲဒါ နှစ် ခု ဘာက အရေးကြီးဆုံးလဲ လို့ မေးလာရင် wisdom က အရေးကြီးဆုံးပဲ လို့ ထင်တယ် ဗျ ဘာဖြစ်လို့ လဲ ဆိုတော့ knowledge က သင်ယူလို့ ရနိုင်ပေမယ့် wisdom က ကိုယ်ကိုယ်တိုင် စိတ်ပါမှ ဖြစ်တဲ့အ ရာမျိုး လို့ ထင်ပါတယ်... ဒါပေမယ့် knowledge များလာတဲ့ လူဟာလဲ wisdom သဘော ကိုကောင်းကောင်းနားလည် လာတတ်ပါတယ် ...
ပြောရရင်တော့ဗျာ တာရဲ့ ပြောင်းပြန်ဟာ wisdom ပါ ... စဉ်းစားတွေ ခေါ် တာ (စာတတ်တာ လို့ ..ကျွန်တော်တော့ခေါ်တာပဲ ) ...
အဲဒါကြောင့် ကျွန်တော် ကတော့ ဆုတောင်းတယ် ... ကိုယ်ကို တိုင်လဲ မ ပါလို့ ၏ ...
ပြီးတော့ သော သူများ နဲ့ လဲ တသက်လုံး မပေါင်း ဖော်ရပါလို့ ၏

လေးစားစွာဖြင့်
အလင်းရောင်

Links to this post

Create a Link

Google Docs & Spreadsheets -- Web word processing and spreadsheets. Edit this page (if you have permission) | Report spam